Wednesday 9 July 2014

ပခုက္ကူမြို့ ပင်မမိုးကုတ်ရိပ်သာ (၄၁၅)ကြိမ်မြောက်

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက် ပင်မမိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာတွင် လစဉ်ကျင်းပပြုလုပ်သော (၄၁၅) ကြိမ်မြောက် (၇) ရက်အလုပ်ပေး တရားစခန်းပွဲ (၁၃၇၃ ခုနှစ် ကဆုန်လဆန်း (၈) ရက်မှ ကဆုန်လဆန်း (၁၅) ရက်အထိ)
ဓမ္မဒါနကုသိုလ်ရှင်
ခမည်းတော် ဦးအောင်ရင်+မယ်တော်ဒေါ်ငွေစံ တို့အား ရည်စူး၍ ဦးသုနန္ဒ (ပခုက္ကူမိုးကုတ်ရိပ်သာ) ကောင်းမှု ၂၀၀၀၀ ကျပ်။
ခမည်းတော် ဦးသန်းဌေး+မယ်တော်ဒေါ်ပေါက်တို့အား ရည်စူး၍ ဦးခေမာစာရ ကောင်းမှု ၂၀၀၀၀ ကျပ်။
 
၁။ အကြိုနေ့ ညပိုင်း မောင်ကာလ တရားရပုံနှင့် ယောဂီစည်းကမ်း တရားတော်
၂။ ပထမနေ့ နံနက်ပိုင်း ဒိဋ္ဌိဖြုတ်ရန် အရေးကြီးပုံနှင့် ဒိဋ္ဌိဖြစ်ကြောင်း(၈)ချက် တရားတော်
၃။ ပထမနေ့ ညနေပိုင်း ဓာတ်(၆)ပါးနှင့် ဒိဋ္ဌိဖြုတ်၍ မဂ်ဉာဏ်ရပုံ တရားတော်
၎။ ဒုတိယနေ နံ့နက်ပိုင်း နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ကံပေါ်ဉာဏ်ဆင့်ပုံ တရားတော်
၅။ ဒုတိယနေ့ ညနေပိုင်း မူလနှစ်ဖြာ ရန်သူနှစ်ယောက် ပြသော တရားတော်
၆။ တတိယနေ့ နံနက်ပိုင်း သစ္စာနှစ်ခုနှင့် လည်နေပုံ တရားတော်
၇။ တတိယနေ့ ညနေပိုင်း ရေစက်ချ တရားတော်
၈။ စတုတ္ထနေ့ နံနက်ပိုင်း အင်္ဂါ(၁၂)ပါးနှင့် ဒိဋ္ဌိဖြုတ် တရားတော်
၉။ စတုတ္ထနေ့ ညနေပိုင်း သက္ကာယဒိဋ္ဌိ (၂၀) တရားတော်
၁၀။ ပဉ္စမနေ့ နံနက်ပိုင်း ပစ္စုပ္ပန်ခန္ဓာနှင့် ဒိဋ္ဌိဖြုတ် ဖြစ်ပျက်မြင်ပုံ တရားတော်
၁၁။ ပဉ္စမနေ့ ညနေပိုင်း စရိုက်ရွေး၍ ဖြစ်ပျက်ရှုသောကြောင့် ဉာဏ်စဉ်တတ်ပြီး သောတာပန်တည်ပုံ တရားတော်
၁၂။ ဆဋ္ဌမနေ့ နံနက်ပိုင်း အလုပ်ပေး တရားတော်
၁၃။ ဆဋ္ဌမနေ့ ညနေပိုင်း သစ္စာအနက် (၁၆) ချက်နှင့် ဝေလာမသုတ် တရားတော်
၁၄။ သတ္တမနေ့ နံနက်ပိုင်း သစ္စာသိဖို့ အရေးကြီးပုံတရားတော်
၁၅။ သတ္တမနေ့ ညနေပိုင်း လူမိုက်နှင့် လူလိမ္မာ ခြားနားပုံ တရားတော်

Tuesday 8 July 2014

စူဠကမ္မဝိဘင်္ဂ သုတ္တံလာ သိမှတ်စရာ



ပခုက္ကူမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ
ပဓာနနာယက ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာကမ္မဌာနာစရိယ)
အရှင်သူမြတ် ပြုစုမှတ်သားအပ်သော
အတိုအထွာ သိမှတ်စရာ

စူဠကမ္မဝိဘင်္ဂ သုတ္တံ

ယုတ်သူထောင်လွှား၊ မြတ်ကားနှိမ့်ချ
ကြီးထတန်ခိုး ဣဿာချိုး၍
တန်ခိုးမဲ့သူ ဣဿာထူခဲ့
မွဲတဲ့သူမှာ မလှူဒါန
ချမ်းသာကြသူ လှူခဲ့မူ၍
နှိပ်စက်သူမှာ များရောဂါနှင့်
ကျမ်းမာသူက ကင်းပနှိပ်စက်
အသက်ရှည်မူ မသတ်သူဟု၊ သတ်သူသက်တို
ဆင်းအိုဒေါသ ဆင်းလှမေတ္တာ
ပညာကြီးမူ မှီးယူပဏ္ဍိ
ပဏ္ဍိနှင့်ကွာ ကင်းပညာဟု
ကိုယ်ပြုခဲ့ကံ ကိုယ်သာခံရ
မြတ်ဗုဒ္ဓက တောဒေယျသား
သုဘဒ်အားကို ဟောဖော်ဆိုသည် အများလူတို့ မှတ်စရာတည်း။

ရှင်းလင်းချက်

၁။ မာန်မာန ထောင်လွှားခဲ့၍ ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
၂။ မာန်မာန ချိုးနှိမ်ခဲ့၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရသည်။
၃။ မနာလို ဝန်တိုမှု နည်းပါးခဲ့၍ ဘုန်းတန်ခိုးကြီးတဲ့သူ ဖြစ်ရသည်။
၎။ မနာလို ဝန်တိုမှု များခဲ့၍ ဘုန်းတန်ခိုးမဲ့သူ ဖြစ်ရသည်။
၅။ ဒါနကောင်းမှု နည်းပါးခဲ့၍ စီးပွားဥစ္စာမွဲသူ ဖြစ်ရသည်။
၆။ ဒါနကောင်းမှု များခဲ့၍ စီးပွားဥစ္စာချမ်းသာသူ ဖြစ်ရသည်။
၇။ သူတပါးအား နှိပ်စက်ခဲ့၍ ရောဂါများသူဖြစ်ရသည်။
၈။ သူတပါးအား နှိပ်စက်ခြင်း မပြုခဲ့၍ ရောဂါကင်းပြီး ကျန်းမာသူ ဖြစ်ရသည်။
၉။ သူ့အသက် သတ်ခြင်းကင်းခဲ့၍ အသက်ရှည်သူ ဖြစ်ရသည်။
၁၀။ သူ့အသက်ကို သတ်ခဲ့၍ အသက်တိုသူဖြစ်ရသည်။
၁၁။ ဒေါသတရား ကြီးမားခဲ့၍ ရုပ်အဆင်း အိုဆိုးသူဖြစ်ရသည်။
၁၂။ မေတ္တာတရား ကြီးမားခဲ့၍ ရုပ်အဆင်း လှပသူ ဖြစ်ရသည်။
၁၃။ ပညာရှိသူကို မှီဝဲခဲ့၍ ပညာရှိသူဖြစ်ရသည်။
၁၄။ ပညာရှိသူကို မဆည်းကပ် မမှီဝဲခဲ့၍ ပညာမဲ့သူဖြစ်ရသည်။
 (ဆရာတော်၏ ထေရုပ္ပတ္တိကထာ နှင့် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဂုဏဝိသိဋ္ဌပူဇာ စာပန်းလွှာ စာအုပ်မှ ကူးယူပူဇော်သည်)

ဝေလာမသုတ္တံလာ သိမှတ်စရာ

ပခုက္ကူမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ
ပဓာနနာယက ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာကမ္မဌာနာစရိယ)
အရှင်သူမြတ် ပြုစုမှတ်သားအပ်သော
အတိုအထွာ သိမှတ်စရာ


ဝေလာမသုတ္တံ

ရွှေခွက်ငွေခွက်၊ ကြေးခွက် ဆင်ရထား
နို့စားနွားမ၊ လှပကညာ
ပလ္လင်ပါ၍၊ သွမ်မွေ့ပိုးချည်
ကိုးလီစုပေါင်း၊ ရှစ်သောင်းလေးထောင်
ချောင်းစီးအောင်ပင်၊ လှူပင်လှူငြား
တစ်ပါးသောတာ၊ လှူရတာက
ပို၍မြတ်၏။

သောတာပန်တရာ လှူရတာထက်၊ သကဒါဂါမ်တစ်ပါး လှူရငြားက ပို၍မြတ်၏။
သကဒါဂမ်တစ်ရာ လှူရတာထက်၊ အနာဂါမ်တစ်ပါး လှူရငြားက ပို၍မြတ်၏။
အနာဂါမ်တစ်ရာ လှူရတာထက်၊ ရဟန္တာတစ်ပါး လှူရငြားက ပို၍မြတ်၏။
ရဟန္တာတစ်ရာ လှူရတာထက်၊ ပစ္စေကတစ်ပါး လှူရငြားက ပို၍မြတ်၏။
ပစ္စေကတစ်ရာ လှူရတာထက်၊ သဗ္ဗညုတစ်ပါး လှူရငြားက ပို၍မြတ်၏။
သဗ္ဗညုများစွာ လှူရတာထက်၊ သဗ္ဗညုပါများသံဃာအား လှူရငြားက ပို၍မြတ်၏။
သဗ္ဗညုပါများသံဃာ လှူရတာထက်၊ စတုဒိသာ သံဃိကကျောင်း ဆောက်လှူတာက ပို၍မြတ်၏။
စတုဒိသာ သံဃိကကျောင်း ဆောက်လှူတာထက်၊ သရဏဂုံ ဆောက်တည်တာက ပို၍မြတ်၏။
သရဏဂုံ ဆောက်တည်တာထက်၊ ငါးပါးသီလ စောင့်ရတာက ပို၍မြတ်၏။
ငါးပါးသီလ စောင့်ရတာထက်၊ နံ့သာတစ်ရှူ ပိုမူမေတ္တာ ထိုမေတ္တာက ပို၍မြတ်၏။
နံ့သာတစ်ရှူ ပိုမူမေတ္တာ ထိုမေတ္တာထက်၊ လက်ဖြစ်ခဏ အနိစ္စဖြစ်ပျက် ရှူပွားချက်က ပို၍မြတ်၏။

အဂ္ဂင်္ုတ္တရ နဝကနိပါတ် သုတ်မြတ်ဝေဠာမ ကျမ်းဓမ္မတွင် ဘုရားရှင်သည် လူတွင်စံပြ ကျောင်းဒကာအနာတပိန် ဂုဏ်သိမ်ပျံ့မွှေး ထိုသူဌေးအား ဟောဖော်ကြားသည် အများလူတို့ မှတ်စရာတည်း။

(ဆရာတော်၏ ထေရုပ္ပတ္တိကထာ နှင့် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဂုဏဝိသိဋ္ဌပူဇာ စာပန်းလွှာ စာအုပ်မှ ကူးယူပူဇော်သည်)
 

မယ်တော်ကြီး ကျေးဇူးဆပ်တရားတော်

ဆရာတော် ဟောကြားသော မယ်တော်ကြီး ကျေးဇူးဆပ်တရားတော်ကို ဒီနေရာတွင် နာယူနိုင်ပါသည်။

Monday 7 July 2014

မန္တလေးမြို့ အောင်သမာဓိရွှေဆိုင်ခြံဝင်းဓမ္မာရုံ (၇) ကြိမ်မြောက် (၅) ရက်အထူးတရားစခန်းပွဲ



မန္တလေးမြို့ ၁၄ လမ်း ၈၇-၈၈ကြား ရန်ကင်းလမ်းသွယ် အောင်သမာဓိရွှေဆိုင်ခြံဝင်းဓမ္မာရုံတွင် (၂၂-၂-၂၀၁၂) မှ (၂၆-၂-၂၀၁၂ အထိ)ကျင်းပပြုလုပ်အပ်သော (၇) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅)ရက် အလုပ်ပေး အထူးတရားစခန်းပွဲ၌ ဟောကြားအပ်သော တရားတော်များ

ပင်မဓမ္မဒါန ကုသိုလ်ရှင်
ဦးအောင်ဆန်းဝင်း + ဒေါ်အေးမော်စီ
အောင်သမာဓိရွှေဆိုင်
မိသားစု

၁။ ယောဂီစည်းကမ်း တရားတော် အကြိုည
၂။ ကံပေါ်ဉာဏ်ဆင့်ပုံ တရားတော် တရားပွဲပထမနေ့ နံနက်ပိုင်း
၃။ ဒိဋ္ဌိပြုတ်ပဋိစ္စသမုပ္ပါဒ် တရားတော် တရားပွဲပထမနေ့ ညပိုင်း
၎။ဓမ္မဒိန္နာနှင့် သက္ကာယဒိဋ္ဌိ(၂၀) တရားတော် တရားပွဲဒုတိယနေ့ နံနက်ပိုင်း
၅။ ဒိဋ္ဌိပြုတ်ပဋိစ္စသမုပ္ပါဒ် တရားတော် တရားပွဲဒုတိယနေ့ ညပိုင်း
၆။ ဒိဋ္ဌိပြုတ်ပဋိစ္စသမုပ္ပါဒ် တရားတော် တရားပွဲတတိယနေ့ နံနက်ပိုင်း
၇။ ဝိပ္ပလ္လာသ(၁၂)ပါး တရားတော် တရားပွဲတတိယနေ့ ညပိုင်း
၈။ ဒိဋ္ဌိပြုတ်ပဋိစ္စသမုပ္ပါဒ် တရားတော် တရားပွဲစတုတ္ထနေ့ နံနက်ပိုင်း
၉။ သစ္စာအနက်(၁၆)ချက် တရားတော် တရားပွဲစတုတ္ထနေ့ ညပိုင်း
၁၀။ သစ္စာဉာဏ် တရားတော် တရားပွဲပဉ္စမနေ့ နံနက်ပိုင်း



ဆရာတော်၏ သာသနာပြု ဆောင်ရွက်ချက်များ

၁။ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်ကြီး) တွင် ဂေါပကအဖွဲ့ အတွင်းရေးမှူးတာဝတ်ကို (၁၃၁၀) ခုနှစ်မှ (၁၃၄၀) ခုနှစ်အထိ နှစ် (၃၀) ကြာဆောင်ရွက်ခဲ့ခြင်း
၂။ ပခုက္ကူမြို့ စာသင်တိုက်ကြီး သုံးတိုက်မှ ဆရာတော် (၅) ပါးကိုပင့်၍ လစဉ်လတိုင်း ဆွမ်းဆက်ကပ် လုပ်ကြွေးခြင်း
၃။ (၁၃၄၀) ခုနှစ်မှ (၁၃၄၄) ခုနှစ်အထိ မိုးကုတ်ဝိပဿနာတရားများကို ဟောပြောပြသခဲ့ခြင်း
(အထက်ပါ ဆောင်ရွက်ချက်များမှာ ရဟန်းဘဝ မရောက်မှီက ဖြစ်ပါသည်။)
၎။ ပခုက္ကူမြို့ သံခိပ်တွင် မိုးကုတ်ဝိပဿနာရိပ်သာကို စတင်ထူထောင်ခဲ့ခြင်း
၅။ (၁၃၄၄) ခုနှစ်မှ စတင်၍ လူဝတ်မှ မြင့်မြတ်သော ရဟန်းအဖြစ်ကို ရယူ၍ မိုးကုတ်ဝိပဿနာတရားများကို စခန်းပွဲများဖင့်၍ ဟောကြားခဲ့ခြင်း
၆။ ပခုက္ကူမြို့ မိုးကုတ်ရိပ်သာကြီးတွင် တံတိုင်း၊ ဓမ္မာရုံကြီးများ၊ သိမ်ကျောင်းတော်ကြီး၊ ဆွမ်စားကျောင်း၊ သံဃာတော်များသတင်းသုံးရန် ကျောင်းဆောင်များ၊ သီလရှင်များ သီတင်းသုံးရန် ကျောင်းဆောင်များ၊ အမျိုးသားယောဂီဆောင်များ၊ အမျိုးသမီးယောဂီဆောင်များ၊ ရိပ်သာအတွက် လိုအပ်သော ရေတွင်းရေကန်များ စသည်စသည် သာသနိက အဆောက်အဦးများ တို့ကို ဦးဆောင်၍ ဖြစ်ပေါ်စေခဲ့ခြင်း
၇။ မိုးကုတ်ဆရာတော်ဘုရားကြီးအား ရည်မှန်း၍ စံကျောင်းတော် သုံးထပ်တိုက်တစ်လုံးကို ဆောက်လုပ်ပူဇော်ခဲ့ခြင်း၊ ကြောင်လိမ်လှေကား တတ်လမ်းဖြင့် တတ်ရသောဉာဏ်တော် (၃၆) ပေ အမြင့်ရှိသည့် ဓါတုဓမ္မစေတီတော်ကို တည်ထားပူဇော်ခဲ့ခြင်း
၈။ ရေစကြိုမြို့၊ ဆောမြို့၊ ပေါက်မြို့၊ မြိုင်မြို့၊မြစ်ခြေမြို့၊လောင်းရှည်မြို့တို့တွင်လည်း မိုးကုတ်ဝိပဿနာ ရိပ်သာကြီးများ ပေါ်ပေါက်လာလောင် ဦးဆောင်ခဲ့ခြင်း
၉။ ခုနှစ်ရက်စခန်း၊ ငါးရက်စခန်းများဖွင့်၍ မနားတမ်း လှည့်လည်ဟောကြားလာခဲ့ရာ တရားပွဲပေါင်း (၁၅၀၀၀) ကျော်ခန့်ရှိခြင်း
၁၀။ ပခုက္ကူမြို့ မိုးကုတ်ရိပ်သာကြီးတွင် လစဉ်လတိုင်း လဆန်း (၈) ရက်မှ (၁၅) ရက်နေ့အထိ ခုနှစ်ရက်စခန်းများ ဖွင့်လှစ်ခဲ့ခြင်း
၁၁။ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း၊ ပခုက္ကူနှင့် ရေစကြို စာစစ်ဌာနများမှ စာအောင်သံဃာတော် အားလုံးကို သင်္ကန်း၊ ထီး၊ ဘိနပ်၊ အခြားပစ္စည်းမျိုးစုံတို့ဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူ ဒါနပြုခဲ့ခြင်း
၁၂။ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့တိုင်း မိုးကုတ်ဆရာတော်ကြီး၏ ခန္ဓာဝန်ချပွဲ အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်များကို ပင့်၍ဆွမ်းဆက်ကပ်လုပ်ကြွေးခဲ့ခြင်း
(၁၃၆၆ ခုနှစ် ဝါဆိုလအထိ ဆရာတော်၏ သာသနာပြုဆောင်ရွက်ချက်များကို မိုးကုတ်ဝိပဿာန မင်္ဂလာရိပ်သာ အကျိုးတော်ဆောင်အဖွဲ့မှ လေ့လာစုဆောင်းထားသည်များကို အကျဉ်းမျှ ရေးသား ပူဇော်ပါသည်။)

မှတ်တမ်း ဓါတ်ပုံများ

ဆရာတော်၏ သာသနာပြုလုပ်ငန်းများနှင့် ပတ်သက်တဲ့ မှတ်တမ်း ဓါတ်ပုံများကို ဒီနေရာတွင် ကြည့်ရှုကြည်ညို နိုင်ပါသည်။