Tuesday 8 July 2014

ဝေလာမသုတ္တံလာ သိမှတ်စရာ

ပခုက္ကူမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ
ပဓာနနာယက ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာကမ္မဌာနာစရိယ)
အရှင်သူမြတ် ပြုစုမှတ်သားအပ်သော
အတိုအထွာ သိမှတ်စရာ


ဝေလာမသုတ္တံ

ရွှေခွက်ငွေခွက်၊ ကြေးခွက် ဆင်ရထား
နို့စားနွားမ၊ လှပကညာ
ပလ္လင်ပါ၍၊ သွမ်မွေ့ပိုးချည်
ကိုးလီစုပေါင်း၊ ရှစ်သောင်းလေးထောင်
ချောင်းစီးအောင်ပင်၊ လှူပင်လှူငြား
တစ်ပါးသောတာ၊ လှူရတာက
ပို၍မြတ်၏။

သောတာပန်တရာ လှူရတာထက်၊ သကဒါဂါမ်တစ်ပါး လှူရငြားက ပို၍မြတ်၏။
သကဒါဂမ်တစ်ရာ လှူရတာထက်၊ အနာဂါမ်တစ်ပါး လှူရငြားက ပို၍မြတ်၏။
အနာဂါမ်တစ်ရာ လှူရတာထက်၊ ရဟန္တာတစ်ပါး လှူရငြားက ပို၍မြတ်၏။
ရဟန္တာတစ်ရာ လှူရတာထက်၊ ပစ္စေကတစ်ပါး လှူရငြားက ပို၍မြတ်၏။
ပစ္စေကတစ်ရာ လှူရတာထက်၊ သဗ္ဗညုတစ်ပါး လှူရငြားက ပို၍မြတ်၏။
သဗ္ဗညုများစွာ လှူရတာထက်၊ သဗ္ဗညုပါများသံဃာအား လှူရငြားက ပို၍မြတ်၏။
သဗ္ဗညုပါများသံဃာ လှူရတာထက်၊ စတုဒိသာ သံဃိကကျောင်း ဆောက်လှူတာက ပို၍မြတ်၏။
စတုဒိသာ သံဃိကကျောင်း ဆောက်လှူတာထက်၊ သရဏဂုံ ဆောက်တည်တာက ပို၍မြတ်၏။
သရဏဂုံ ဆောက်တည်တာထက်၊ ငါးပါးသီလ စောင့်ရတာက ပို၍မြတ်၏။
ငါးပါးသီလ စောင့်ရတာထက်၊ နံ့သာတစ်ရှူ ပိုမူမေတ္တာ ထိုမေတ္တာက ပို၍မြတ်၏။
နံ့သာတစ်ရှူ ပိုမူမေတ္တာ ထိုမေတ္တာထက်၊ လက်ဖြစ်ခဏ အနိစ္စဖြစ်ပျက် ရှူပွားချက်က ပို၍မြတ်၏။

အဂ္ဂင်္ုတ္တရ နဝကနိပါတ် သုတ်မြတ်ဝေဠာမ ကျမ်းဓမ္မတွင် ဘုရားရှင်သည် လူတွင်စံပြ ကျောင်းဒကာအနာတပိန် ဂုဏ်သိမ်ပျံ့မွှေး ထိုသူဌေးအား ဟောဖော်ကြားသည် အများလူတို့ မှတ်စရာတည်း။

(ဆရာတော်၏ ထေရုပ္ပတ္တိကထာ နှင့် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဂုဏဝိသိဋ္ဌပူဇာ စာပန်းလွှာ စာအုပ်မှ ကူးယူပူဇော်သည်)
 

No comments:

Post a Comment