Tuesday 8 July 2014

စူဠကမ္မဝိဘင်္ဂ သုတ္တံလာ သိမှတ်စရာ



ပခုက္ကူမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ
ပဓာနနာယက ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာကမ္မဌာနာစရိယ)
အရှင်သူမြတ် ပြုစုမှတ်သားအပ်သော
အတိုအထွာ သိမှတ်စရာ

စူဠကမ္မဝိဘင်္ဂ သုတ္တံ

ယုတ်သူထောင်လွှား၊ မြတ်ကားနှိမ့်ချ
ကြီးထတန်ခိုး ဣဿာချိုး၍
တန်ခိုးမဲ့သူ ဣဿာထူခဲ့
မွဲတဲ့သူမှာ မလှူဒါန
ချမ်းသာကြသူ လှူခဲ့မူ၍
နှိပ်စက်သူမှာ များရောဂါနှင့်
ကျမ်းမာသူက ကင်းပနှိပ်စက်
အသက်ရှည်မူ မသတ်သူဟု၊ သတ်သူသက်တို
ဆင်းအိုဒေါသ ဆင်းလှမေတ္တာ
ပညာကြီးမူ မှီးယူပဏ္ဍိ
ပဏ္ဍိနှင့်ကွာ ကင်းပညာဟု
ကိုယ်ပြုခဲ့ကံ ကိုယ်သာခံရ
မြတ်ဗုဒ္ဓက တောဒေယျသား
သုဘဒ်အားကို ဟောဖော်ဆိုသည် အများလူတို့ မှတ်စရာတည်း။

ရှင်းလင်းချက်

၁။ မာန်မာန ထောင်လွှားခဲ့၍ ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
၂။ မာန်မာန ချိုးနှိမ်ခဲ့၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရသည်။
၃။ မနာလို ဝန်တိုမှု နည်းပါးခဲ့၍ ဘုန်းတန်ခိုးကြီးတဲ့သူ ဖြစ်ရသည်။
၎။ မနာလို ဝန်တိုမှု များခဲ့၍ ဘုန်းတန်ခိုးမဲ့သူ ဖြစ်ရသည်။
၅။ ဒါနကောင်းမှု နည်းပါးခဲ့၍ စီးပွားဥစ္စာမွဲသူ ဖြစ်ရသည်။
၆။ ဒါနကောင်းမှု များခဲ့၍ စီးပွားဥစ္စာချမ်းသာသူ ဖြစ်ရသည်။
၇။ သူတပါးအား နှိပ်စက်ခဲ့၍ ရောဂါများသူဖြစ်ရသည်။
၈။ သူတပါးအား နှိပ်စက်ခြင်း မပြုခဲ့၍ ရောဂါကင်းပြီး ကျန်းမာသူ ဖြစ်ရသည်။
၉။ သူ့အသက် သတ်ခြင်းကင်းခဲ့၍ အသက်ရှည်သူ ဖြစ်ရသည်။
၁၀။ သူ့အသက်ကို သတ်ခဲ့၍ အသက်တိုသူဖြစ်ရသည်။
၁၁။ ဒေါသတရား ကြီးမားခဲ့၍ ရုပ်အဆင်း အိုဆိုးသူဖြစ်ရသည်။
၁၂။ မေတ္တာတရား ကြီးမားခဲ့၍ ရုပ်အဆင်း လှပသူ ဖြစ်ရသည်။
၁၃။ ပညာရှိသူကို မှီဝဲခဲ့၍ ပညာရှိသူဖြစ်ရသည်။
၁၄။ ပညာရှိသူကို မဆည်းကပ် မမှီဝဲခဲ့၍ ပညာမဲ့သူဖြစ်ရသည်။
 (ဆရာတော်၏ ထေရုပ္ပတ္တိကထာ နှင့် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဂုဏဝိသိဋ္ဌပူဇာ စာပန်းလွှာ စာအုပ်မှ ကူးယူပူဇော်သည်)

No comments:

Post a Comment